Map Graph

ဒေါက်လောက်ရွာ၊ ရေဖြူမြို့နယ်

ဒေါက်လောက်ရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၌ တည်ရှိသည်။ ဒေါက်လောက်ရွာသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြုလုပ်မည့် နဘုလယ်ရွာနှင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ပူနန်ရွန်ရွာကို ဆက်သွယ်ထားသောလမ်းမကြီးနှင့် ထားဝယ်-ရန်ကုန်အဝးပြေးလမ်းမကြီးတို့ ဆုံရာတွင် တည်ရှိသော အချက်အချာကျသည့် ရွာတစ်ရွာဖြစ်သည်။စာရေးဆရာကြီး ရွှေဝယ်ဧ ၏ ထားဝယ်ရာဇဝင်သမိုင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသော မုဆိုးမောင်နွား၏ ကျော့ကွင်းမှ ဘုရားလောင်းဥဒေါင်းမင်း လွတ်‌မြောက်ရာကိုအစွဲပြု၍ ဒေါင်းလွတ်ရွာမှ ကာလရွေ့လျားလာကာ ဒေါက်လာက်ရွာဟုခါ်ဆိုလာကြသည်ဟူ၍လည်း ဆိုသည်။‌ ဒေါက်လောက်ရွာ၏ အဓိကစီးပွားရးလုပ်ငန်းများမှာ ရာဘာစိုက်ပျိုးရေး၊ ကွမ်းသီးစိုက်ပျိုးရေးတို့ဖြစ်သည်။ ရွာ၏အိမ်ထောင်စုမှာ ၈၀ ခန့် ရှိလေသည်။

Read article